Please note that new posts in this forum must be approved by a moderator before becoming visible.
Thread Review (Newest First) |
Posted by Barlolo Admin - 2023-10-23, 08:28 PM |
ကျွန်တော်တို့ နေစဉ်ဘဝမှာ ဘာပဲလိုလို facebook မှာ ဝင်ရှာလေ့ရှိတယ်။ ဒါပေမယ့် အရမ်းကြာသွားတဲ့ပို့စ်ဆိုရင် ရှာလို့မတွေ့နိုင်သလို information တွေကလည်း တစ်စုတစ်စည်းမရှိတဲ့အတွက်ကြောင့် ရှာရခက်ပါတယ်။ ရှာမတွေ့တဲ့အခါ သူငယ်ချင်းတွေကို ပတ်ပြီးလိုက်မေးနေရတယ်။ ဥပမာ- မီးဆရာ ကောင်းတာတစ်ယောက်လိုချင်ရင် facebook မှာ ရှာရတာခက်တယ်။ ဒီပြသနာတွေကို ဖြေရှင်းဖို့ ပရဟိတအနေနဲ့ ဒီ forum website ကို ထောင်လိုက်တာပါ။ Info တွေကို category အလိုက် တစ်စုတစ်စည်းတည်းရှိအောင်၊ နေစဉ်ဘာဝမှာ ဘာပဲလိုလို ရှာရလွယ်အောင်၊ စစ်မှန်တဲ့ review ရေးနိုင် ဖတ်နိုင်အောင် ဖန်တီးပေးလိုက်တာပါ။ ကျွန်တော်လည်း ရိုးရိုးရုံးဝန်ထမ်းပါပဲ။ IT အပိုင်းလည်း မကျွမ်းကျင်သလို forum creating အပိုင်းမှာလည်း အတွေ့အကြုံမရှိဘူး။ ထပ်ဖြည့်ဆည်းပေးသင့်တာရှိရင် suggestion box ထဲမှာ ရေးနိုင်ပါတယ်ခင်ဗျာ။ တောင်းဆိုတာများတဲ့အပိုင်းတွေကို ကြိုးစားပြီး ဖြည့်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာ။ ---------------------------- ဒီ forum က အားလုံးအတွက် တစ်သက်လုံး အာခမဲ့ဖြစ်ပါတယ်ခင်ဗျာ။ သန့်သန့်လေးဖြစ်ဖို့ ဝိုင်းဝန်းထိမ်းသိမ်းကြာပါနော်။ ပို့စ်တင်တဲ့အချိန် အောက်ပါစည်းကမ်းတွေကို လိုက်နာပေးပါရန် မေတ္တရပ်ခံအပ်ပါတယ်ခင်ဗျာ။ ၁။ Category (ခေါင်းစဉ်အမျိုးအစား) အလိုက် တင်ပေးပါရန်။ ၂။ လောင်းကစား/ "S3X dating"/ မူးယစ်ဆေးဝါး စည်ဖြင့် တရားမဝင်သော ပို့စ်များကိုတင်ရင် IP Address နှင့် အတူ forever ban ပါမည်။ ၃။ နိုင်ငံရေး၊ ဘာသာရေးနှင့် ပတ်သတ်သောကိစ္စ၊ သတင်းများကိုတင်ရင် ban ပါမည်။ ၄။ ပို့စ်ထဲမှာ၊ ကွန်းမန့်တွေမှာ ဆဲဆိုတဲ့စကားမသုံးပါရန်။ Barlolo Admin |